Pages

Ads 468x60px

Labels

Jul 20, 2012

ပရောဖက်ဆာ ဒေါက်တာတီအင်ဒို လက်ချာပေး


ကနေ့ (20/ 07/ 2012) စောမယကောလိပ် ပရိဝုဏ်ရှိ စီမံခန့်ခွဲမှု အဆောက်အအုံသစ်၊ ၄ လွှာမြောက်၊ ခန်းမ ၄၀၃ မှာ ပရောဖက်ဆာ ဒေါက်တာတီအင်ဒို (T. Endo) က ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ပို့ချချက် (Lecture) တစ်ခု ပို့ချပေးလျှက် ရှိပါသည်။ ယင်းပို့ချချက်ကို မနက်တစ်ကြိမ် ညနေတစ်ကြိမ်၊ တစ်ကြိမ် ၂-နာရီနှုန်းဖြင့် တစ်နေ့ ၄-နာရီ၊ ၄-ရက်တိတိ ကြာမှာ ဖြစ်ပြီး၊ ပို့ချမယ့် အကြောင်းအရာကိုတော့ “ထေရ၀ါဒရိုးရာ အဋ္ဌကထာ လေ့လာနည်း” ဟု ခေါင်းစီး ပေးထားသည်။

ယင်းပို့ချချက်သို့ မွန်းဘိုင်တက္ကသိုလ် ဖီလိုဆိုဖီဌာနမှ ဌာနမှူး ဒေါက်တာ မီနာခတ္တဏိကာ၊ ပုဏေးတက္ကသိုလ် စန်းစကရစ်ဌာနမှ အငြိမ်းစားဌာနမှူး၊ စောမယကောလိပ် ဗုဒ္ဓဘာသာစင်တာမှ ဒါရိုက်တာနှင့် လက်ထောက်ဒါရိုက်တာများ၊ ပါဠိနှင့်ဖီလိုဆိုဖီ ဘာသာရပ်ဖြင့် ကျမ်းပြုလျှက်ရှိသည့် ပီအိပ်ခ်ျဒီကျောင်းသား မြန်မာသံဃာတော်များနှင့် လူပုဂ္ဂိုလ်များ၊ မွန်းဘိုင်တက္ကသိုလ် ပါဠိဌာနမှ ဌာနမှူး ဒေါက်တာယောဇနာနှင့် အမ်အေကျောင်းသားများ စုစုပေါင်း အင်အား ၄၀ ကျော် တက်ရောက်ခဲ့ကြသည်။



ကျောင်းသားကျောင်းသူများ၏ အမေးကို ပြန်လည်ဖြေကြားနေသည့် Prof: Dr. T. Endo

ပရောဖက်ဆာ ဒေါက်တာ တီအင်ဒို (T. Endo) သည် ယခင်က သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ် ပါဠိနှင့်ဗုဒ္ဓဘာသာ ဘွဲလွန်ဌာနတွင် အမ်အေ (မဟာဝိဇ္ဇာ) တန်းအတွက် အဋ္ဌကထာလေ့လာနည်းကို နှစ်ပေါင်းများစွာ ပို့ချချက်ပေါင်းစုံကို ပို့ချခဲ့သည့် ပါမောက္ခ တစ်ဦး ဖြစ်ခဲ့ပြီး၊ ယခုအခါ ဟောင်ကောင်တက္ကသိုလ် ဗုဒ္ဓဘာသာဌာနတွင် တာဝန်ထမ်းဆောင်နေဆဲ ပါမောက္ခ တစ်ဦးဖြစ်သည်။ ဆရာသည် မြန်မာနိုင်ငံတွင် ပါဠိစာပေကို ၄-နှစ်ကြာ သွားရောက်လေ့လာခဲ့ဖူးပြီး ပါဠိစာပေဖြင့်ပင် ဒေါက်တာဘွဲ့ရခဲ့သူ ဖြစ်သည်။

မနက်ပိုင်း ပို့ချချက် တစ်ချိန် အပြီးတွင် ယခင်ကေနိယတက္ကသိုလ် ကျောင်းသားဟောင်းများ ဖြစ်ခဲ့ကြသည့် မြန်မာသံဃာတော်များတို့က ဆရာဟောင်းဖြစ်သည့် ပရောက်ဖက်ဆာကြီးကို နွေးထွေးပျူဌာစွာ နှုတ်ဆက်စကားပြောဆိုခဲ့ကြပါသည်။

0 comments:

Post a Comment