Pages

Ads 468x60px

Labels

Jul 29, 2012

အိန္ဒိယ၏ ဆက်သွယ်ရေးကဏ္ဍ


အိန္ဒိယနိုင်ငံ အနှံ့အပြား ပြည်သူများ၏ ကွန်ရက် ဆက်သွယ်ရေးကဏ္ဍတွင် ဆဲလ်ဖုန်း (Cellphone) အသုံးပြုသူ ဦးရေ ၉၂၁ သန်းနှင့် ဖေ့စ်ဘွတ် (Facebook) အသုံးပြုသူ ဦးရေ ၅၁-သန်း ရောက်ရှိနေပါပြီ။ လာမည့် လအနည်းအငယ်အတွင်း ဆက်သွယ်ရေးကဏ္ဍတွင် ဆဲလ်ဖုန်း အသုံးပြုသူ သန်းတစ်ထောင် (၁-ဘီလျံ) ဆိုက်ရောက်မည်ဟု ခန့်မှန်းထားသည်။

ပြီးခဲ့သည့် တစ်ပတ်က ကောက်ယူခဲ့သော စစ်တမ်းအရ အိန္ဒိယနိုင်ငံတစ်ဝှန်း ဖေ့စ်ဘွတ် အသုံးပြုသူ သန်း-၅၀ ရှိနေပြီး၊ ဆဲလ်ဖုန်း (မိုဘိုင်းဖုန်း) အသုံးပြုသူကား သန်းတစ်ထောင် (၁-ဘီလျံ) ပြည့်တော့မှာပါ။ (ခုလောလောဆယ် ၉၂၁ သန်း ရှိနေပြီ) လာမည့် လအနည်းငယ်အတွင်း သန်းတစ်ထောင် (၁-ဘီလျံ) ပြည့်လောက်မည်ဟု ခန့်မှန်းထားသည်။ တစ်ကမ္ဘာလုံး တွစ်တာ (Twitter) အသုံးပြုသူ သန်း-၅၀၀ အနက် အိန္ဒိယက တွစ်တာကို ၁၆-သန်း သုံးစွဲလျက် ရှိသည်။ ယူတျုစ် (You Tube) ကိုကား ၃၁-သန်းအထိ အသုံးပြုကြသည်။ ကိန်းဂဏန်းကို ကြည့်ခြင်းအားဖြင့် ယနေ့ အိန္ဒိယ ကွန်ရက် အသုံးပြုမှုကဏ္ဍသည် လွန်ခဲ့တည့် နှစ်အနည်းငယ်က အိန္ဒိယနှင့် အကွာခြားကြီး ကွာခြားနေပါပြီ။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်နေ့ ပျမ်းမျှ မိနစ်ပေါင်း ၁၇-သန်း တစ်ဦးနှင့်တစ်ဦး ဖုန်းခေါ်ဆိုကြပြီး။ ကြိမ်ရေ ၁.၅ ဘီလျံ (သန်းပေါင်း ၁၅၀၀) အတိုက်ကောက် မက်ဆေ့ခ်ျ (SMS) အပြန်အလှန် ပို့ပေးကြသည်။ ခြေလှမ်း ခပ်သွက်သွက်ဖြင့် ဒစ်ဂျစ်တယ်ကွန်ရက်စနစ်သို့ ခြေစုံပစ် ၀င်နေကြပါပြီ။

နည်းပညာကို သုတေသန လုပ်နေသည့် မီရွတ် (Meerut College) ကောလိပ်မှ အ၀န်တိကာဂေါရ် က ကွန်ရက်၏ အသုံးဝင်မှုကို အမိအရ ဖမ်းဆုပ်ထားသည်။ သတင်းစာဆရာ ဖြစ်ရန် ဆန္ဒပြင်းပြသည့် ဂေါရ်က “ဖေ့စ်ဘွတ်မှာဖြစ်ဖြစ် တွစ်တာမှာဖြစ်ဖြစ် ဆောင်းပါး ရေးတင်တဲ့အခါ ပြန်လည်ရရှိတဲ့ တုန့်ပြမှုက ပြောမပြနိုင်အောင် ကြည်နူးပီတိ ဖြစ်မိတယ်” ဟု ပြောပြသည်။

အွန်လိုင်းက မိတ်ဆွေ ဖွဲ့ရုံလေးတင် ဟုတ်ရိုးလား။ အရှိန်အဟုန်ဖြင့် ကြီးမားကျယ်ပြန့်လာသည့် အင်တာနက်ဈေးကွက်မှာ အလုပ် ရှာဖွေ လျှောက်ထားနိုင်သည်။ ဘယ်နေရာသို့ သွားကာ ဘာတွေကို ၀ယ်ခြမ်း စားသောက်မည်ကိုလည်း စူးစမ်းနိုင်ပါသေးသည်။

“ထုတ်ကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီမျိုးစုံက သူတို့ရဲ့ ထုတ်ကုန်အပေါ် ဝေဖန်သုံးသပ်နိုင်ဖို့ ကြေငြာတဲ့အနေနဲ့ ယူတျုစ် (You Tube) မှာ အရင်ဆုံး တင်ထားတတ်ကြတယ်” ဟု အိန္ဒိယနိုင်ငံဆိုင်ရာ ဂူးဂဲလ် (Google) ကုမ္ပဏီ ပြောရေး ဆိုခွင့်ရှိသူက ထုတ်ပြောသည်။

အိန္ဒိယတွင် ငွေကြေး သန်းပေါင်း တစ်ထောင်၊ သို့မဟုတ် မီဒီယာ အသုံးပြုသည့် ဒစ်ဂျစ်တယ်နည်းပညာ ဈေးကွက်ထဲက ၁၀-ရာခိုင်နှုန်းကို လူမှုရေးကွန်ရက်တွင် အကုန်ကျခံ အသုံးပြုနေကြသည်ဟု စက်မှုထုတ်ကုန် ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါသည်။

မှီငြမ်း- 29/07/2012 နေ့ထုတ် HindustanTimes Newspaper

0 comments:

Post a Comment