Apr 28, 2012
ကမ္ဘာ့ဂင်းနစ် စံချိုန်ကို ချိုးလိုက်သည့် အိန္ဒိယအက
“ဒန့်-အိန္ဒိယ-ဒန့်” လို့ နာမည်ပေးတဲ့ အိန္ဒိယ စုပေါင်းအကတစ်မျိုးကို မတ်ချ်လ ၁-ရက်နေ့က မွန်ဘိုင်းမြို့၊ ကေဂျေစောမိုင်ယကောလိပ်ဝင်းထဲမှာ ကျင်းပခဲ့ပါတယ်။ ဒီအကနဲ့ ကမ္ဘာ့ဂင်းနစ် စံချိုန်ကို ချိုးဖို့ရည်ရွယ်ပြီး အကသမား အင်အား ၅၀၀၀ (ငါးထောင်) ဝန်းကျင်နဲ့ ကပြခဲ့ပါတယ်။
ဒီ “ဒန့်-အိန္ဒိယ-ဒန့်” (ကပါ အိန္ဒိယ အက) ကို အိန္ဒိယနိုင်ငံ ရုပ်ရှင်လောကမှာ ထင်ရှားတဲ့ ဘောလိဝုဒ်က မင်းသား၊ မင်းသမီးတွေ ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မွန်ဘိုင်းမြို့အတွင်းမှာ ရှိနေတဲ့ အထက်တန်းကျောင်း၊ ကောလိပ်နှင့် အင်စတီးကျုစ် ၁၃-ခုမှ ကျောင်းသူ/သားများ ဒီအကထဲမှာ ပါဝင် ကပြဖြေဖျော်ကြပါတယ်။
ပါဝင်တီးခတ်ပေးတဲ့ ဘင်(န်)အဖွဲ့ကလည်း စုံလင်လှပါတယ်။ သီမတ်စတာ၊ တယ်ရင်းစ်လူးဝစ်၊ ရေးမို ဒီ စူးဇာနှင့် ဒီအိုင်ဒီ သုံးရာသီတို့ပါ။ ဘောလီဝုဒ် ရုပ်ရှင်လောကမှာ ထင်ရှားပြီး အဆိုများနေတဲ့ 'Dhinkachika Dhinkachika' သီချင်းကို ဘင်(န်) အဖွဲ့ကနေ တီးခတ်ပေးပြီး အကသမားတို့နဲ့ စုပေါင်း ဆိုကခြင်း ဖြစ်ပါတယ်။ အကသမားတိုင်းလိုလိုက တူညီဝတ်စုံနဲ့ပါ။ အဝါရောင်တီရှပ်နှင့် အပြာရင့် ဂျင်းဘောင်းဘီတို့ကို တွဲကာ ဝတ်ဆင်ထားကြပါတယ်။ အချို့အဖွဲ့တွေကတော့ အဖြူရောင်တီရှပ်၊ ပန်းရောင်တီရှပ်တွေလည်း ပါရှိကြတယ်။ အရွယ်ကျတော့ ဆယ်ကျော်သက်တွေပဲ အများစု ပါဝင်ကြတယ်။
မွန်ဘိုင်းမြို့ရဲ့ အထင်ကရ ကောလိပ်တစ်ခုဖြစ်တဲ့ ကေဂျေစောမိုင်ယကောလိပ်ဟာ အခြားနေရာများထက် ကျောင်းဝင်းရဲ့ နေရာလွတ် ပိုမိုကျယ်ဝန်းသလို၊ သွားလို့လာလို့ကောင်းတဲ့ ဆုံရပ် ဖြစ်နေတာကြောင့်လည်း ဒီနေရာကို ရွေးချယ်ခဲ့ပါတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ကပြဖြေဖျော်ရာသို့ မီဒီယာပေါင်းစုံကလည်း သတင်းယူ၊ ဓာတ်ပုံရိုက်၊ ဗီဒီယိုမှတ်တမ်း တင်ခဲ့ကြပါတယ်။ အထူးသဖြင့် “ဇီးတီဗီ”ကနေ တိုက်ရိုက်လွှင့်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတင်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ “မစ္စတာနီခီလရှုကလ” က ဒီကမ္ဘာ့ဂင်းနစ်မှတ်တမ်းတင်ဆု (GWR) ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
အဲဒီနေ့ကတော့ စောမိုင်ယကောလိပ် အနီးအနားတစ်ဝိုက်မှာ အကကို လာကြည့်ကြတွေသူနဲ့ ရှုပ်ယှက်ခတ်နေပါတယ်။ ကားလမ်းတွေမှာလည်း ဆိုင်ကယ်၊ ကားတွေနဲ့ ပိတ်ဆို့နေပါတယ်။ နေ့အခင်းအချိန်က စပြီး လူတွေ စုခဲ့နေခဲ့ကြတယ်။ လူတွေကို အကျီလိုက်ဝေတာတို့၊ ဆိုမယ့်သီချင်းကို အစမ်းတိုက်ကြည့်နေတာကြောင့် ထင်တယ်။ ကပြဖြေဖျော်မှုအပြီး ဆုလက်ခံရယူတဲ့အချိန်မှာ ည ၇-၄၅ နာရီ ရှိနေပါပြီ။
ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးခဲ့တဲ့ အိန္ဒိယရဲ့ စုပေါင်းအက လူဦးရေ အတိအကျကား ၄၄၂၈-ဦး ဖြစ်ပါတယ်။ လူဦးရေပေါင်း တစ်သောင်းလောက် အွန်းလိုင်းကနေ စာရင်းကောက် ရရှိထားကြပေမယ့် တကယ့်လာရောက် ကပြတဲ့အချိန်ကျတော့ အခက်အခဲ အမျိုးမျိုးကြောင့် တစ်ဝက်လောက်ပဲ ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ၂၀၁၁-ခုနှစ်တုန်းကလည်း ဒီမွန်ဘိုင်းမြို့မှာပဲ အိန္ဒိယရဲ့ စုပေါင်းအကနဲ့ တစ်ခါ စံချိန် ချိုးခဲ့ပြီး ဖြစ်တယ်။ အဲဒီတုန်းက စုပေါင်းပြီး ကတဲ့ အကသမားဦးရေကတော့ ၁၃၃၆-ယောက်ပါ။
အကဝါသနာ ပါသူများ ကြည့်ချင်ပါက Zee TV ကနေ မကြာမကြာ ထုတ်လွင့်နေတာကို စောင့်ကြည့်လို့ပဲ ဖြစ်ဖြစ်၊ ဒီပေးထားတဲ့လင့် http://www.youtube.com/watch?v=Y5psbnNY3Uo
ကနေပဲဖြစ်ဖြစ် ကြည့်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
အကိုးအကား-
-http://www.guinnessworldrecords.in/news/2012/3/video-tv-show-dance-india-dance-smashes-largest-bollywood-dance-record/
-http://did3.india.com/buzz/press-release/dance-india-dance-breaks-guinness-world-record-for-the-largest-bollywood-dance/13
Labels:
News
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment