Pages

Ads 468x60px

Labels

Mar 30, 2013

ဆမ်ဆောင်းရဲ့ အလှုပ်သွက်သွက် Galaxy S4



ဆမ်ဆောင်းကတော့ စမတ်ဖုန်းအသစ်တစ်မျိုးကို ရောင်းချဖို့ တာစူနေပြန်ပါပြီ။ ဂလက်ဇီအက်စ်ဖိုး (Galaxy S4) ကို စတင်ရောင်းချဖို့ ပြီးခဲ့တဲ့ မတ်လ ၂၆-ရက်နေ့ကတည်းက အမေရိကန်နိုင်ငံမှာ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့တယ်။

လာမယ့် ဧပြီလ ၂၆-ရက်နေ့ကျရင် ယူကေ (ဗြိတိန်) နိုင်ငံမှာ စတင်ရောင်းချမှာ ဖြစ်တဲ့အတွက် ခုကတည်းက အော်ဒါမှာလို့ ရပြီဖြစ်ကြောင်း ကြေငြာပြန်တယ်။ ဒါပေမယ့် ရောင်းချမယ့် ဖုန်းရဲ့ဈေးနှုန်း အတိအကျကိုတော့ ထုတ်ဖော် မပြောသေးပါဘူး။ ဗြိတိန်အနှံ့ (အင်္ဂလန်၊ ဝေးလ်၊ စကော့တလန်၊ အိုင်ယာလန်) က သုံးစွဲသူတွေလက်ထဲအရောက် ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။

စီနက် (CNet) ရဲ့ မှတ်ချက်အတိုင်းဆိုရင် သုံးစွဲသူတွေဟာ ဂလက်ဇီအက်စ်ဖိုး (Galaxy S4) ရဲ့ အခွံ (ဟန်းဆက်) အတွက် စတာလင်ပေါင် ၄၁-ပေါင်လောက်ပဲ ပေးရမယ်၊ ပြီးတော့ ဖိုး-ဂျီ ကွန်ယက်အတွက် စတာလင်ပေါင်၂၇၀-ပေါင်ကို တစ်ခါတည်း ပေးသွင်းရမှာ ဖြစ်ပြီး၊ လိုင်းရဲ့လစဉ်ကြေးကိုတော့ စတာလင်ပေါင် ၃၁-ပေါင်လောက် ထပ်ဆောင်းရဦးမှာပါလို့ ထင်ကြေးပေးထားတယ်။ ဒီဝက်ဆိုက်ရဲ့ ထင်ကြေးအတိုင်းဆိုရင် ဂလက်ဇီအက်စ်ဖိုး (Galaxy S4) တစ်လုံးအတွက် ခန့်မှန်းကုန်ကျစရိတ်ဟာ စတာလင်ပေါင် ၅၀၀-ပေါင်လောက် သွားကျနေမှာ။ အမေဇုန် (Amazon) ဝက်ဆိုက်ရဲ့ ကြေညာချက်အတိုင်းဆိုရင် ၁၆-ဂျီဘီ သိုလှောင်နိုင်စွမ်း ပမာဏရှိတဲ့ ဂလက်ဇီအက်စ်ဖိုး (Galaxy S4) တစ်လုံးကို စတာလင်ပေါင် ၆၉၉-ပေါင်နဲ့ အော်ဒါမှာလို့ရတယ်ဆိုပဲ။

ဥရောပဆိုင်ရာဈေးကွက်ကလည်း ဂလက်ဇီအက်စ်ဖိုး (Galaxy S4) တစ်လုံးရဲ့ တန်းဘိုးကိုတော့ အဆိုပါ မတူညီတဲ့ ဈေးနှုန်းနဲ့ စာရင်းတင်ထားလေရဲ့။ ဥရောပဈေးကွက်စာရင်းပါ ဈေးနှုန်းဟာ ယူရို ၆၅၀ နဲ့ပါ။


အမေရိကန်က ဂလက်ဇီအက်စ်ဖိုး (GalaxyS4) မိတ်ဆက်ပွဲ မြင်ကွင်း
ဒါပေမယ့် အိန္ဒိယဈေးကွက်စာရင်း မပေါက်သေးတဲ့အတွက် အိန္ဒိယမှာ ဘယ်ဈေးနှုန်းနဲ့ ရောင်းချမလဲ၊ ဘယ်တော့ ရောင်းမှာလဲဆိုတာကိုတော့ အသေအချာ မခန့်မှန်းနိုင်သေးပါ။ ဒါကြောင့်လည်း ဂလက်ဇီအက်စ်ဖိုး (Galaxy S4) နဲ့ ပတ်သက်ရင် အိန္ဒိယက ရေငုံနှုတ်ပိတ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်သေးပါ။ အဲ… တစ်ခုတော့ ရှိတာပေါ့။ အမေဇုန်ရဲ့ ဈေးနှုန်းကိုပဲ အိန္ဒိယငွေနဲ့  တွက်ချက်လိုက်ရင် ရူပီးငွေ ၅၀,၀၀၀ိ/- (ငါးသောင်း) လောက်ရှိမယ်လို့  အကြမ်းဖျင်းတော့ ခန့်မှန်းလို့ ရပါတယ်။


ဂလက်ဇီအက်စ်ဖိုး (Galaxy S4) ရဲ့ အဓိက အချက်အလက်များမှာ-
၁။ ဂလက်ဇီအက်စ်ဖိုး (Galaxy S4) ရဲ့ စကရင်း အရွယ်အစားဟာ (ထောင့်ဖြတ်) ၅-လက်မ ဆိုဒ်နဲ့ပါ။

၂။ ဂလက်ဇီအက်စ်ဖိုး (Galaxy S4) ဟာ Full HD လို့ ခေါ်တဲ့  အရည်အသွေးမြင့် တို့ထိမျက်နှာပြင် အမျိုးအစားပေါ့။ ရီဆိုလူးရှင်းကို မီဂါပစ်ဇယ်လ်နဲ့ တွက်ချက်ရင် ၁၀၈၀x၁၉၂၀ ရှိပါတယ်။ တစ်လက်မနှုန်းနဲ့တွက်ရင် တစ်လက်မကို ၄၄၁ မီဂါပစ်ဇယ်လ် ရှိပါတယ်။

၃။ ဝမ်းပွိုင့်ဆစ် (၁. ၆) ရှိတဲ့ အိတ်စ်ဇီနုစ် အောက်တာ-ကိုလ် ပရိုဆက်ဆာ (ဦးဏှောက်) ကို အသုံးပြုထားတယ်။ အချို့ဟန်းဆက်ကိုတော့ ဝမ်းပွိုင့်နိုင်း (၁. ၉) ရှိတဲ့ ကွာကမ် စနပ်ဒရက်ဂွန်လို့ခေါ်တဲ့ ကွာဇ်-ကိုလ် ပရိုဆက်ဆာပါ။

၄။ မမ်မိုရီ (မှတ်ဉာဏ်) ကိုတော့ ၂-ဂျီဘီ သုံးထားတယ်။

၅။ ဟန်းဆက်ရဲ့ သိုလှောင်နိုင်မှု ပမာဏကို ၁၆-ဂျီဘီ၊ ၃၂-ဂျီဘီ၊ ၆၄-ဂျီဘီ ဆိုပြီး ၃-မျိုး ခွဲထားတယ်။ ဒီထက် အပိုသုံးချင်သပဆိုရင် အပြင်မမ်မိုရီနဲ့ မိုက်ခရိုအက်ဒီကဒ် (Micro SD Card) အပေါက်ထဲ ထိုးထည့်ရုံသာ။ ဟန်းဆက်တိုင်းကို ၆၄-ဂျီဘီအထိ တိုးမြှင့်လို့ရတယ် ဆိုပဲ။

၆။ နောက်ဘက်ကင်မရာလို့ ခေါ်တဲ့ ဓာတ်ပုံ/ဗီဒီယိုရိုက် ကင်မရာကို ၁၃-မီဂါပစ်ဇယ်လ် တပ်ထားပြီး၊ ဝက်ကမ်လို့ခေါ်တဲ့ ရှေ့ဘက်ကင်မရာကိုတော့ ၂-မီဂါပစ်ဇယ်လ် သုံးထားတယ်။ အရည်အသွေးမြင့် ကင်မရာကို တပ်ဆင်ထားတဲ့အတွက် ပုံထွက်ကောင်းတဲ့ နည်းပညာကိုလည်း အသုံးပြုထားတယ်။ ရှေ့+နောက်ကင်မရာ တွဲရက် တစ်ပြိုင်တည်း ရိုက်နိုင်သလို၊ ရိုက်ထားပြီးသားများကိုလည်း မလိုတဲ့ ပုံပါလူတွေကို အလွယ်တကူ ဖယ်ရှားလို့ ရပါသေးတယ်။ ပြီးတော့ စီနီမာဂရမ်လို့ ခေါ်တဲ့ ရုပ်ရှင်-ဓာတ်ပုံကိုလည်း ရွေးချယ် ရိုက်ကူးနိုင်ပါသေးတယ်။

၇။  စက်လည်ပတ်မှုစနစ်ကိုတော့ ဂျယ်လီဘိမ် (Android 4.2.2 Jelly Bean) လို့ခေါ်တဲ့ အန်ဒရွုက် ၄.၂.၂ နဲ့ မောင်းနှင်ထားတယ်။


ဂလက်ဇီအက်စ်ဖိုး (GalaxyS4) ရဲ့ ဟန်းဆက်ပုံစံ
 
၈။ အခြားအချက်အလက်တွေကတော့-
ဝိုင်ဖိုင်= Dual-band 802.11abgn/ac Wi-Fi
ဘလူးတု (တ်) = ၄
မြေပုံစနစ် = GPS
ထိန်းချုပ်မှုစနစ် =NFC
အကူးအပြောင်း = Infrared LED (for remote-control functions)
အားသွင်း = microUSB charger
ဗီဒီယို = Full HD video recording at 30fps
ဘက္ထရီ = Li-ion 2,600mAh battery
အရွယ်အစား = အလျား ၁၃၆.၆- မီလီမီတာ၊ အပြား ၆၉.၈- မီလီမီတာ၊ အထူ ၇.၉ မီလီမီတာ အလေးချိန်= ၁၃၀ ဂရမ်-တို့ ဖြစ်ပါတယ်။

ရည်ညွှန်း-
- http://www.pcpro.co.uk/news/380194/samsung-galaxy-s4-price-specs-release-date-revealed
- http://www.pcpro.co.uk/news/380194/samsung-galaxy-s4-price-specs-release-date-revealed#ixzz2OzL5bYHE

0 comments:

Post a Comment