Pages

Ads 468x60px

Labels

Oct 24, 2012

အိုင်ပက်မီနီ ထွက်ပြီ

ညတုန်းက NDTV News ကနေ လှမ်းပို့ထားတဲ့ Link ကြောင့် အက်ပယ်လ်ရဲ့ အိုင်ပက်မီနီ (iPad mini) မိတ်ဆက်ပွဲ အခမ်းအနားကို တိုက်ရိုက်ကြည့်ခွင့် ရလိုက်တယ်။ အက်ပယ်လ်က ခြေလှမ်းသွက်သွက်နဲ့ ထုတ်ကုန်ပစ္စည်း ၄-မျိုးကိုတောင် မိတ်ဆက်ပြလိုက်တယ်။

1. iPad mini
အက်ပယ်လ်ကုမ္ပဏီ အဓိကထုတ်ပြချင်တဲ့ ပစ္စည်းက အိုင်ပက်မီနီ (iPad mini) ပါ။ အိုင်ပက်မီနီ (iPad mini) ဟာ အရင်ထုတ်လုပ်ခဲ့တဲ့ အိုင်ပက်တွေရဲ့ ထက်ဝက်နီးပါး သေးငယ်ပါတယ်။ လက်တစ်ဘက်တည်းနဲ့ ကိုင်တွယ်နိုင်အောင် ဆိုက်ကို ချုံ့ထားတယ်လို့ အခမ်းအနားမှာ ပြောသွားပါတယ်။ အရင်အိုင်ပက်တွေရဲ့ ထောင့်ဖြတ် အရွယ်အစားက ၉ ဒသမ ၇ လက်မ ဖြစ်ပြီး အခု အိုင်ပက်မီနီ (iPad mini) ရဲ့ ထောင့်ဖြတ်ဆိုက်က ၇ ဒသမ ၉ လက်မပါ။ (9.7 – 7.9)

အိုင်ပက်မီနီ (iPad mini) ရဲ့ တိကျတဲ့ အရွယ်အစားမှာ-
အမြင့် = ၇.၈၇ လက်မ (၂၀၀ မီလီမီတာ)
အလျား = ၅.၃ လက်မ (၁၃၄.၇ မီလီမီတာ)
ဗျက် (အထူ) = ၀.၂၈ လက်မ (၇.၂ မီလီမီတာ တမတ်အထူ)
အလေးချိန် = ၀.၆၈ ပေါင် (၃၀၈-ဂရမ်) (၀ိုင်ဖိုင်- အိုင်ပက်မီနီ)
အလေးချိန် = ၀.၆၉ ပေါင် (၃၁၂-ဂရမ်) (၀ိုင်ဖိုင်+ဆယ်လူလာ အိုင်ပက်မီနီ)

အိုင်ပက်မီနီ (iPad mini) ရဲ့ ရုပ်ပြအရည်အသွေးကတော့ အိုင်ပက်-၂ အတိုင်းပါပဲ။ ၁၀၂၄ x ၇၆၈ မီဂါပစ်ဇယ်လ်ပါ။ အိုင်ပက်-၃ လို မြင်ကြည်လွှာ (Retina) မပါဘူး။ သုံးထားတဲ့ ချပ်စ်ကလည်း အိုင်ပက်-၂ အတိုင်း Dual-core A5 ပါပဲ။ ဓာတ်ပုံရိုက်တဲ့ ကင်မရာကိုသာ အိုင်ပက်-၃ လို 5MP မြှင့်ထားတယ်။

အိုင်ပက်မီနီ (iPad mini) ကိုလည်း အရင် အိုင်ပက်တွေရဲ့ ထုံးစံအတိုင်းပါပဲ။ ၆-မျိုးနဲ့ ခွဲပြီး ထုတ်လုပ်ထားတယ်။ ၆-မျိုးကို ရောင်းဈေးနဲ့အတူ ပူးတွဲလိုက်တယ်။ (အရောင်ကတော့ အဖြူ+အနက်ပါပဲ။)

$ 329 = ၁၆-ဂျီဘီ ၀ိုင်ဖိုင်သက်သက်၊
$ 459 = ၁၆-ဂျီဘီ ၀ိုင်ဖိုင်+ဆယ်လူလာ (3-G/4G)
$ 429 = ၃၂-ဂျီဘီ ၀ိုင်ဖိုင်သက်သက်၊
$ 559= ၃၂-ဂျီဘီ ၀ိုင်ဖိုင်+ဆယ်လူလာ (3-G/4G)
$ 529 = ၆၄-ဂျီဘီ ၀ိုင်ဖိုင်သက်သက်၊
$ 659 = ၆၄-ဂျီဘီ ၀ိုင်ဖိုင်+ဆယ်လူလာ (3-G/4G)
($= ဟာ USD အမေရိကန်ဒေါ်လာကို ဆိုလိုတာပါ။)

ဝိုင်ဖိုင်+ဆယ်လူလာ (3-G/4G) အတွက် ထူးတာက အိုင်ပက်-၃ လို မိုက်ခရိုဆင်းကဒ် (Micro-SIM) ကို မသုံးဘဲ အိုင်ဖုန်း-ဖိုက်လို နာနိုဆင်းကဒ် (Nano-SIM) ကို သုံးထားတယ်။ ပြီးတော့ ပါဝါ / ဒေတာအတွက် အပြားကြီးတဲ့ ပင်း ၃၀ ကြိုးပေါက်ကို မသုံးပဲ လိုက်နင်း (Lightning) ကို ပြောင်းသုံးထားပြန်တယ်။ ပြီးတော့ အသံစနစ် (Siri) ထည့်သွင်းပေးထားတယ်။

အိုင်ပက်မီနီ (iPad mini) ကိုတော့ အောက်တိုဘာလ (ဒီလ) ၂၆-ရက်နေ့က စပြီး အွန်းလိုင်းကနေ အော်ဒါ မှာယူနိုင်တယ်။ တကယ့် စတင်ရောင်းချမယ့် ရက်ကိုတော့ နိုဝင်ဘာလ ၂-ရက်နေ့ပေါ့။ ပထမအသုတ်ထဲမှာ ပါဝင်တဲ့ နိုင်ငံတွေကို ရောင်းချပြီး ၂-ပတ်အတွင်း တစ်ကမ္ဘာလုံးကို ဖြန့်မယ်လို့ သိရတယ်။


2. iPad with Retina (iPad-4)
အိုင်ပက်မီနီ (iPad mini) နဲ့အတူ နောက်ထပ် မိတ်ဆက်ပေးတာက စတုတ္ထမျိုးဆက်ဖြစ်တဲ့ အိုင်ပက်-၄ ပါ။ ပုံမှန် အရွယ်အစား မြင်ကြည်လွှာပါ iPad with Retina (Fourth Generation) လို့ သတ်မှတ်ထားတယ်။ ဒီ iPad with Retina ကိုတော့ မတ်ခ်ျလတုန်းက ထုတ်လုပ်ရောင်းချခဲ့တဲ့ The New iPad (iPad-3) နဲ့ အရည်အသွေးပိုင်း အနည်းငယ်ပဲ ကွာခြားတယ်။

 iPad with Retina (iPad-4) ရဲ့ ထူးခြားချက်များ-
၁။ ချပ်စ် = Dual-core A6X (quad-core graphics ပါဝင်တယ်)
၂။ လိုက်နင်း (Lightning) ပါဝါ / ဒေတာ ကြိုးပေါက်

အိုင်ပက်-၃ က Dual-core A5X သုံးထားတယ်။ ဒါကြောင့် အိုင်ပက်-၄ ဟာ အိုင်ပက် -၃ ထက် ၂-ဆ မြန်တယ်လို့ ပြောတယ်။ ကျန်တဲ့ အသေးစိတ် အချက်အလက် အားလုံးနီးပါးက ထပ်တူထပ်မျှပါပဲ။ ဆင်းကဒ်ကို လည်း Micro-SIM ကိုပဲ ပြန်သုံးထားတယ်။ ဈေးနှုန်းလည်း အိုင်ပက်-၃ အတိုင်းပါပဲ။

3. MacBookPro with Retina (13”)
 အက်ပယ်လ်ရဲ့ နောက်ထပ် မိတ်ဆက်ပေးတဲ့ ထုတ်ကုန် တစ်မျိုးကတော့ မြင်ကြည်လွှာပါ မက်ဘွတ်ပရို (MacBookPro with Retina) ၁၃ လက်မ လက်တော့ပ်ပါ။ ဒီအမျိုးအစားကို ပြီးခဲ့တဲ့ ဇွန်လတုန်းက ၁၅-လက်မနဲ့ မိတ်ဆက်ခဲ့ပြီ ဖြစ်တယ်။ ဈေးကွက်မှာ ရောင်းချနေဆဲ လက်တော့ပ် အမျိုးအစား ဖြစ်တယ်။ ပရိုဖက်ရှင်းနယ် သက်မွေးဝမ်းကျောင်းပြု လက်တော့ပ်ပေါ့။

မြင်ကြည်လွှာပါ မက်ဘွတ်ပရို (MacBookPro with Retina) ၁၅ လက်မနဲ့ အခု အသစ်ထုတ် ၁၃ လက်မတို့ဟာ တော်တော်လေး အရည်အသွေး ကွာပါတယ်။ ၁၅-လက်မတုန်းက အိုင်ဆဲလ်ဗင်း (i7) ပရိုဆက်ဆာကို သုံးထားပေမယ့် ဒီအသစ် ၁၃-လက်မကိုကျတော့ အိုင်ဖိုက် (i5) ပရိုက်ဆက်ဆာနဲ့ပဲ သုံးတယ်။ အရင်ထုတ်ကုန်က ဈေးကြီးလို့ ဈေးချိုချိုနဲ့ ရောင်းနိုင်အောင် တမင်လျှော့ချပုံရတယ်။

ဇွန်လတုန်းက စတင်ရောင်းချခဲ့တဲ့ မြင်ကြည်လွှာပါ မက်ဘွတ်ပရို (MacBookPro with Retina) ၁၅ လက်မရဲ့ ဈေးနှုန်းက-
အခြေခံလက်တော့ပ် =     $2,199 (CPU i7 2.3GHz, Ram 8-GB, HD 256-GB,)
အဆင့်မြင့်လက်တော့ပ် = $2,799 (CPU i7 2.6GHz, Ram 8-GB, HD 512-GB)

အခုအသစ် စတင်ရောင်းချတော့မယ့် မြင်ကြည်လွှာပါ မက်ဘွတ်ပရို (MacBookPro with Retina) ၁၃ လက်မရဲ့ ဈေးနှုန်းက-
အခြေခံ=     $ 1,699 (CPU i5 2.5GHz, Ram 8-GB, HD 128-GB)
အဆင့်မြင့်= $ 1,999 (CPU i5 2.6GHz, Ram 8-GB, HD 256-GB)

4. iMac (Desktop)
အသစ် ထုတ်ကုန်ပစ္စည်းတွေ ချန်မထားပဲ အက်ပယ်လ်ရဲ့ နောက်ထပ် မိတ်ဆက်ပေးတဲ့ ထုတ်ကုန် တစ်မျိုးကိုတော့ စားပွဲတင် iMac (Desktop) ပါ။ ဒီ iMac (Desktop) ကို The New iMac လို့ နာမည်ပေးထားတယ်။ အရင်ထက် ပိုပါးလွှားပြီး စွမ်းဆောင်ရည် ပိုကောင်းမယ်လို့ ပြောတယ်။ The New iMac ကို ၂၁-လက်မ တစ်မျိုးရယ်၊ ၂၇-လက်မ တစ်မျိုးရယ် ရောင်းချမှာပါ။ မကြာမီ လာမယ် မျှော်လို့ ပြောထားတဲ့အတွက် ရောင်းဈေးကိုတော့ ထုတ်မကြေညာသေးပါဘူး။

 မှီငြမ်း-
သတင်းပေါင်းစုံ၊ ၀က်ဆိုက်၊ ဘလော့ဂ်ပေါင်းစုံတို့ရဲ့ သတင်း၊ ဓာတ်ပုံများ

0 comments:

Post a Comment