Pages

Ads 468x60px

Labels

Jun 2, 2012

Samsung Galaxy SIII ထွက်ပြီ


နယူးဒေလီ။
။ နောက်ဆုံးမတော့ စောင့်ရကျိုးနပ်သွားပါပြီ။ ဆမ်ဆောင်းဂလက်ဇီ အက်စ်သရီး (Samsung Galaxy SIII) ကို ဒီကနေ့ (01-06-2012) မှာ အိန္ဒိယနိုင်ငံအတွက် ဆမ်ဆောင်းကုမ္ပဏီက ဖြန့်ချိလိုက်လို့ပါပဲ။ ကြမ်းခင်း သတ်မှတ်ဈေးနှုန်းကတော့ လေးသောင်းသုံးထောင်နဲ့ငါးရာ (၄၃,၅၀၀) ရူပီးပါ။ ဆိုးလ်မြို့နှင့်အတူ ဥရောပတစ်လွှား၊ အရှေ့အလယ်ပိုင်းဆီကို ရောင်းချနေပြီဖြစ်တဲ့ ဆမ်ဆောင်းဂလက်ဇီ အက်စ်သရီး (Samsung Galaxy SIII) ကို ကြားသပတေးနေ့တုန်းက အိန္ဒိယမှာ စတင် ရောင်းချပါတယ်။ ဒီစမတ်ဖုန်းကို စောင့်မျှော်ခဲ့တဲ့ရလဒ်က ရူပီးငွေ ၄-သောင်းကျော် ပေးဆပ်ရမယ့် သဘောပါပဲ။

ဆမ်ဆောင်းဂလက်ဇီ (Samsung Galaxy) ရဲ့ မျိုးဆက်ထဲက အထွေးဆုံးဖြစ်တဲ့ ဒီတတိယမြောက် ညီတော် (Samsung Galaxy SIII) ကို အရင့်အရင် မွေးဖွားခဲ့တဲ့ နောင်တော့နောင်တော်တွေထက် သာလွန်ကောင်းမွန်မယ်လို့ ဆမ်ဆောင်းပြည်သူတွေက မျှော်လင့်ထားကြပါတယ်။ ဒီတတိယမြောက် ညီတော်ကပဲ တောင်ကိုရီယား ကုမ္ပဏီကို အပ်ပယ်လ်ကုမ္ပဏီထက် ထိပ်ဆုံးရောက်အောင် ဆောင်ကျဉ်းပေးမယ်လို့ စမတ်ဖုန်းလောကသားတွေက မျှော်လင့်နေကြလေရဲ့။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ ဈေးနှုန်းကို ကြည့်ပြီး ၀ယ်ယူသုံးစွဲသူတွေအနေနဲ့ စိတ် အနည်းငယ် ပျက်သွားပုံ ပေါ်မှာပါ။



အခြေခံ ပုံသဏ္ဌာန်
ဆမ်ဆောင်းဂလက်ဇီ အက်စ်သရီး (Samsung Galaxy SIII) ကို အန်ဒရွိုက် စက်လည်ပတ်မှုစနစ် ၄.၀ (Android 4.0) နဲ့ မောင်းထားတယ်။ ဒီစက်လည်ပတ်မှုစနစ်ကို အိုက်စကရင်း ဆန်းဒ၀စ် (Ice Cream Sandwich) လို့လည်း ခေါ်ဆိုကြပါသေးတယ်။ အန်ဒရွိုက်စနစ် ၄.၀ ကို ဒီအက်စ်သရီးဖုန်းမှာ ဒုတိယမြောက် သုံးစွဲခြင်းလို့ ပြောလို့ရတယ်။ ဘာလဲဆိုတော့ အရင်တုန်းက ထုတ်ခဲ့ဖူးတဲ့ ဂလက်ဇီ-နက်ဇပ်မှာ သုံးခဲ့ဖူးလို့ပါ။ စီပီယူ (CPU) ကိုတော့ ကွာစ်ကိုးလ် ၁.၄ (Quad-Core 1.4 GHz) နဲ့သုံးထားတယ်။

ဆက်သွယ်မှု (Network)
၂-ဂျီ= GSM ၈၅၀/ ၉၀၀/ ၁၈၀၀/ ၁၉၀၀
၃-ဂျီ=HSDPA ၈၅၀/ ၉၀၀/ ၁၉၀၀/ ၂၁၀၀
၎-ဂျီ= LTE

အရွယ်အစား

အလျား (အမြင့်) = ၁၃၆.၆ မီလီမီတာ (၅.၃၇ လက်မ)
အနံ = ၇၀.၆ မီလီမီတာ (၂.၇၈ လက်မ)
အထူ = ၈.၆ မီလီမီတာ (၀.၃၃၉ လက်မ)

ဖန်သားပြင်နှင့် ရုပ်ပုံကြည်လင်မှု
ဖန်သားပြင်ကို ၄.၈ လက်မ (လေးလက်မနဲ့ သုံးမတ်ကျော်) ဖန်တီးထားပြီး၊ ရုပ်ပုံ ကြည်လင် တောက်ပမှုအတွက် အမြင့်ဆုံးကွာလ်လတီ (HD) ဖြစ်တဲ့ ရီဆိုလူးရှင်း ၁၂၈၀x၇၂၀ မီဂါပစ်ဇယ်လ်ကို သုံးထားတယ်။

ကင်မရာ
မှတ်တမ်း ရိုက်ကူးရေးအတွက် ကင်မရာကို ၈-မီဂါပစ်ဇယ်လ် သုံးထားတယ်။ ဓာတ်ပုံ ရိုက်ရာမှာဖြစ်စေ၊ ဗီဒီယို ရိုက်ရာမှာဖြစ်စေ ရုပ်ပုံကို မြန်ဆန်စွာ ဖမ်းနိုင်စွမ်းရှိတယ်။ ဘာတ်ရှော့(Burst Shot) လို့ခေါ်တဲ့ တွန်းကန်အားရိုက်ချက်နဲ့ ရိုက်ရင် တစ်ဆက်တည်း ပုံအရေအတွက် ၂၀ အထိ ရိုက်နိုင်စွမ်း ရှိတယ်။ ရှေ့ဘက်ကင်မရာ (၀က်ကမ်) ကိုတော့ အဖြစ်သဘောလောက် ထည့်သွင်းထားတယ်။ ၁.၉ မီဂါပစ်ဇယ်လ် မျှသာ။ ဒါပေမယ့် စကရင်းကို ရီကော့ဒ် လုပ်ရာမှာတော့ ဟိုက်ဒစ်ဖနေးရှင်း (HD) နဲ့ ရနိုင်တယ်ဆိုပဲ။

မမ်မိုရီ (မှတ်ညာဏ်)
လောလောဆယ် ထည့်သွင်းထားတဲ့ မမ်မိုရီကတော့ ၁၆-ဂျီဘီရယ်၊ ၃၂-ဂျီဘီရယ်ပဲ ရှိသေးတယ်။ နောက်ပိုင်း ၆၄-ဂျီဘီအထိ ထုတ်လုပ်မယ်လို့ ကြေငြာထားတယ်။ အပြင်ကနေ ထည့်သွင်းတဲ့ မိုက်ခရိုမမ်မိုရီ (SD) ကိုတော့ ၆၄-အထိ ထည့်သွင်း အသုံးပြုနိုင်တယ်လို့ ၀န်ခံထားတယ်။

ဂိမ်းဆော့ကစားခြင်း
ဂိမ်းကို ဆော့ကစားရာမှာ လူမှုဆက်သွယ်ကွန်ရက်ကနေ ဆော့နေတဲ့ဂိမ်း အမျိုးမျိုးကို ဂိမ်းဟဘ် (Game Hub) ဗီဒီယိုဟဘ် (Video Hub) တို့နဲ့ ဆော့ကစားနိုင်အောင် စီမံပေးထားတယ်။ ပြီးတော့ ကောင်းမွန်တဲ့ အရည်အသွေးမြင့် တီဗီ၊ ရုပ်ရှင်တွေကိုလည်း ပေးပို့မျှဝေ ခံစား ကြည့်ရှုနိုင်ပါသေးတယ်။ ဒါပေမယ့် ပထမဦးဆုံး ဂိမ်းကို စတင် ဆော့မယ့်သူအဖို့ ကမ္ဘာ့ဂိမ်းဈေးကွက်ကို ၀င်ရောက်တဲ့နေရာမှာ အကောင့်တစ်ကိုတော့ ဖွင့်ထားရပါမယ်။

လုပ်ဆောင်ချက်များ
ဝိုင်ဖိုင် (WiFi) ကို ၀ိုင်ဖိုင် (အေ၊ ဘီ၊ ဂျီနဲ့ အင်န်) နဲ့ ၀ိုင်ဖိုင် အိပ်ခ်ျဒီ-၄၀ ထည့်သွင်းထားပြီး ဂျီပီအက်စ် (GPS) စနစ် ပါဝင်တယ်။ ထို့ပြင် ဘလူးတု(တ်) ကို ဘယ်ဖုန်း သင်ပုန်းကမှ မသုံးရသေးတဲ့ ၄.၀ တို့နဲ့ လုပ်ဆောင်ထားတယ်။ ရုပ်ငြိမ် ဓာတ်ပုံကို စနပ်ရှော့စ်နဲ့သာမက ဘာတ်ရှော့စ်နဲ့ပါ ရိုက်နိုင်တယ်။ လှုပ်ရှားမှု ရုပ်သံကိုတော့ အိပ်ခ်ျဒီအာရ် (HDR) နဲ့ဖြစ်ဖြစ်၊ ဖူလ်အိပ်ခ်ျဒီ (HD) နဲ့ဖြစ်ဖြစ် ဖမ်းနိုင်ပါတယ်။

ဘက္ထရီသက်တမ်း
ဘက္ထရီကိုတော့ လီလွန် (Li-lon) ၂၁၀၀ မီလီအမ်ပီယာအာရ်ဝါလို့ ခေါ်တဲ့ သက်တမ်းရှည်ဘက္ထရီကို အသုံးပြုထားတယ်။ ဖုန်းပြောချိန် ၁၁-နာရီနဲ့ မိနစ် ၄၀ အထိ ခံနိုင်တယ်။

ဝန်ခံချက်-
Time of India နှင့် Zee News တို့ကို အခြေခံကာ ရေးသားတင်ပြထားပါသည်။

နောက်ဆက်တွဲသတင်း
အခု သတင်းရေးသားချိန်မှာပဲ မကြာမကြာ မှာဝယ်ယူတတ်တဲ့ အွန်လိုင်းအရောင်းဆိုင် ၂-ခုကနေ ဆမ်ဆောင်းဂလက်ဇီ အက်စ်သရီး (Samsung Galaxy SIII) ကို လျှော့ဈေးနဲ့ ရောင်းချပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးလာပါတယ်။
သူတို့ရဲ့ အွန်လိုင်း ရောင်းဈေးကတော့ ၃၈,၉၀၀ (သုံးသောင်း၊ ရှစ်ထောင်နှင့် ကိုးရာ) ရူပီး ဖြစ်ပါတယ်။
အွန်လိုင်းအရောင်းဆိုင်ကား
http://www.snapdeal.com/
http://www.ebay.in

0 comments:

Post a Comment