Pages

Ads 468x60px

Labels

Jun 15, 2012

ဒေါက်တာဆရာတော်အား ဆွမ်းကပ်



မနေ့ (14-06-2012) က နေ့လည်ဆွမ်းကို စောမိုင်ယစင်တာ ဗုဒ္ဓဘာသာဌာနမှ ဒါရိုက်တာက ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ မွန်ဘိုင်းတက္ကသိုလ်မှာ ဗိုက်ဗာ (နှုတ်ဖြေ၊ အင်တာဗျူး) ထိုင်တဲ့ စစ်ကိုင်းတိုင်း၊ မုံရွှာ မြို့မရွှေဂူကျောင်းမှ ပတ္တမြားရောင်ဆရာတော် အရှင်စန္ဒာဝရ PhD ဘွဲ့ ရတဲ့ အထိမ်းအမှတ်အနေနဲ့ ဆွမ်းဆက်ကပ် လှူဒါန်းတာပါ။

ဆွမ်းဆက်ကပ်တဲ့ နေရာကတော့ K. J. Somaiya Institute of Management Studies and Research Academic Building ရဲ့ မြေညီထပ် ကင်းတင်းမှာပါ။ ဆွမ်းဆက်ကပ်ရာသို့ ပိုလီတက္ကနစ် အင်ဂျင်နီယာအဆောင်မှာ သီတင်းသုံးနေကြတဲ့ သုတေသနကျမ်းပြု သံဃာတော် (၉) ပါးနှင့် Somaiya Centre for Buddhist Studies ဌာနမှာ အလုပ်လုပ်နေကြတဲ့ ၀န်ထမ်းအားလုံး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ မနက် ၁၁း၃၀ အချိန်မှာပါ။ “မွန်ဘိုင်တက္ကသိုလ်ကနေ ချီးမြှင့်တဲ့ ဒေါက်တာဘွဲ့ရ ဆရာတော်ကို ရည်မှန်းပြီး ကောင်းမှုကုသိုလ် ပြုရတာပါ” လို့ ဒါရိုက်တာက ပြောပါတယ်။



PhD ဘွဲ့ ရရှိခဲ့တဲ့ ပတ္တမြားရောင်ဆရာတော် အရှင်စန္ဒာဝရဟာ စောမိုင်ယကောလိပ်မှာ ရုံးထိုင်ဖွင့်လှစ်ထားတဲ့ Somaiya Centre for Buddhist Studies ဌာနအောက်ကနေ သုတေသန ကျမ်းပြုခဲ့တာပါ။ ပတ္တမြားရောင်ဆရာတော် အရှင်စန္ဒာဝရဟာ၂၀၀၈-ခုနှစ်၊ ဇူလိုင်လမှာ မွန်းဘိုင်တက္ကသိုလ်ရဲ့ ပီအိပ်ခ်ျဒီ ကျောင်းသားမှတ်ပုံတင် ကျခဲ့ပြီး ၂၀၁၁ ခုနှစ်၊ မတ်လတွင် ကျမ်းကြီးကို တင်နိုင်ခဲ့တယ်။ ယခုနှစ် ဇွန် ၁၂-ရက်နေ့မှာ ဗိုက်ဗာလို့ခေါ်တဲ့ နှုတ်ဖြေစာမေးပွဲကို ထပ်အောင်မြင်ခဲ့တဲ့အတွက် PhD ဘွဲ့ကို ရရှိခဲ့တာပါ။

ခုလောလောဆယ်မှာတော့ မကွေးတိုင်း၊ ညောင်ဦး (ပုဂံ-ညောင်ဦး) မှ ဆရာတော်ဦးသိရိန္ဒက သုတေသနကျမ်းကြီးကို တင်နိုင်ခဲ့ပြီး၊ မွန်ပြည်နယ် တောင်စွန်းမှ ဆရာတော်အရှင်ကဉ္စနကတော့ သုတေသနကျမ်း ပုံစံငယ် (Final Synopsis) ကို တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ စည်းမျဉ်းအရ နောက်ထပ်၂-လ ကြာတဲ့အချိန်မှာ ကျမ်းကြီးကို တင်နိုင်တော့မှာပါ။



လာမယ့် ဇွန်လ ၂၂-ရက်နေ့မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ မြကျွန်းသာ မိုးကုတ်ရိပ်သာမှ ဒေါက်တာအရှင်ပါရမီ မွန်ဘိုင်းတက္ကသိုလ်ရဲ့ ထပ်ဆင့် PhD ဘွဲ့အတွက် ဗိုက်ဗာ လာထိုင်ဦးမှာပါ။ (ဒေါက်တာအရှင်ပါရမီဟာ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်မှ PhD ဘွဲ့ ရခဲ့ပြီး ဖြစ်တယ်။) ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လတုန်းကလည်း ဒီဗုဒ္ဓဘာသာဌာနကနေ တစ်ဆင့် မွန်ဘိုင်းတက္ကသိုလ်ရဲ့ PhD ဘွဲ့ကို ရန်ကုန်မြို့ မင်းကွန်းတောရကျောင်းက ဒေါက်တာအရှင်သာဓိန ရရှိခဲ့ပြီ ဖြစ်တယ်။

မွန်ဘိုင်းတက္ကသိုလ်အောက်မှာ PhD ဘွဲ့အတွက် လက်ရှိ သုတေသနကျမ်းပြုနေတဲ့ မြန်မာနိုင်ငံတစ်ဝန်းမှ ဆရာတော်သံဃာတော်များဟာ ၁၃ ပါးရှိပါတယ်။ ထို့အပြင် PhD ၀င်ခွင့် အောင်ပြီး Topic Approval Letter စောင့်နေတဲ့ သံဃာတော် ၄-ပါးနဲ့ PhD ၀င်ခွင့် ဖြေဆိုထားပြီး အောင်စာရင်း စောင့်နေကြတဲ့ သံဃာတော် ၄-ပါးတို့လည်း PhD ကျောင်းသားစာရင်းမှာ ပါဝင်ပါတယ်။

0 comments:

Post a Comment