Pages

Ads 468x60px

Labels

May 8, 2012

အကောင်းဆုံး သင်ပုန်း (Tablet) ၅-ချပ် (အပိုင်း ၃)


အပိုင်း (၁) မှာ အပ်ပယ်လ်ကုမ္ပဏီထုတ် “နယူးအိုင်ပက်” (သို့မဟုတ်) “အိုင်ပက်သရီး” အကြောင်းနဲ့ အပိုင်း (၂) မှာ အဆပ်ကုမ္ပဏီထုတ် “အီးပက် ထရန်စဖောမာ ပရိုင်း” အကြောင်းတို့ကို CNet ရဲ့ ဆောင်းပါးရှင် အာဘော်အတိုင်း ရေးသားတင်ပြခဲ့ပြီ ဖြစ်တယ်။ အခုတစ်ခါ အကောင်းဆုံး သင်ပုန်း (Tablet) ထဲက တစ်ချပ်ဖြစ်တဲ့ “အဆပ် ထရန်စဖောမာ ပက် တီးအက်ဖ်-၃၀၀ (Asus Transformer Pad TF300)” ကို အလှည့်ပေး ရေးသားဖော်ပြမှာ ဖြစ်ပါတယ်။ 

“ဒီသင်ပုန်း (Tablet) ကိုလည်း အဆပ်ကုမ္ပဏီကနေပဲ ထုတ်လုပ် ဖြန့်ချီခဲ့တာပါ။ ဒီသင်ပုန်း (Tablet) ဟာ ဒီပြင့်သင်ပုန်းတွေထက် ပါးလွှာမှု၊ တောင့်တင်းခိုင်မာမှု မရှိပေမယ့် အပိုင်း (၂) မှာ ဖော်ပြခဲ့တဲ့ “အစပ် ထရန်စဖောမာ ပရိုင်း” လောက်နီးပါး ကောင်းတယ်လို့ ညွှန်းရမှာပါ။ ဘာဖြစ်လည်းဆိုတော့ ဈေးနှုန်းအရ ချိုနေလို့ပါပဲ။ ပေးရသလောက် အသုံးတည့်တယ်လို့လည်း ပြောနိုင်ပါတယ်။

အဆင့် = ကြယ် ၄-ပွင့်
ဈေးနှုန်း = အမေရိကန်ဒေါ်လာ ၃၉၄ နဲ့ ၄၄၈

အားသာချက်
“အဆပ် ထရန်စဖောမာ ပက် တီးအက်ဖ်-၃၀၀” ဟာ တက်ဂရာသရီး (Tegra3) နဲ့ စက်ကို လည်ပတ်စေသဖြင့် “ထရန်စဖောမာပရိုင်း” လောက်ကို ကောင်းပါတယ်။ ပိုမိုကြည်လင်လာတဲ့ ကင်မရာ၊ မြန်နှုန်း သာလာတဲ့ ၀ိုင်ဖိုင်စနစ်၊ ပိုမိုကျစ်လစ်လာတဲ့ တို့ထိမျက်နှာပြင်၊ တရားဝင် ထည့်သွင်းထားတဲ့ ဂျီပီအက်စ်စနစ်တို့ကြောင့် ပိုကောင်းလာတယ်လို့တောင် ပြောနိုင်ပါသေးတယ်။ သင်ပုန်းရဲ့ ကိုယ်ထည်ပိုင်းမှာရော ကီးဘုတ် (သို့မဟုတ်) အထိုင်အိမ်မှာပါ အပြန်အလှန်အားဖြင့် ထည့်သွင်းထားတဲ့ SD-Card, HDMI တို့နဲ့ဆို ပိုတောင် စမတ်ကျသေးတယ်။ ကြမ်းခင်းဈေးနှုန်း အမေရိကန်ဒေါ်လာ ၃၈၀ မျှသာ သတ်မှတ်ထားတဲ့အတွက် ဒီ”တီအက်ဖ်-၃၀၀” သင်ပုန်းဟာ အန်ဒရိုက်နဲ့ လည်ပတ်စေတဲ့ သင်ပုန်းလောကထဲမှာ အသာဆုံးလို့ လောလောဆယ်ဆယ် သတ်မှတ်လို့ရနေပါပြီ။

အားနည်းချက်
“အဆပ် ထရန်စဖောမာ ပက် တီးအက်ဖ်-၃၀၀” ရဲ့ သွင်ပြင်ပုံပန်းကို ကြည့်ရတာ ပါးလွှာမနေသလို၊ တောင့်တင်းခိုင်မာမှုလည်း မရှိသလိုပါပဲ။ ထရန်စဖောမာပရိုင်းလောက်ကို စွဲမက် နှစ်သက်စရာ မရှိဘူး။ ကီးဘုတ် (သို့မဟုတ်) အထိုင်အိမ်ကလည်း ဒုံးရင်းက ဒုံးရင်းပဲ၊ ဒေါ်လာ ၁၅၀ အောက်ကို မဆင်းသလို၊ ပရိုင်းနဲ့ ဘာမှလည်း ထူးခြားမလာဘူး။

ကောက်ချက်
“အဆပ် ထရန်စဖောမာ ပက် တီးအက်ဖ်-၃၀၀” ဟာ မပါး၊ မခိုင်ခန့်သည့်တိုင် ဈေးနှုန်းက ချိုနေသဖြင့် ပရိုင်းနှင့်အပြိုင် ၀ယ်ယူသုံးစွဲသင့်ပါတယ်။

သုံးသပ်ချက်
အန်ဒရိုက် သင်ပုန်း(Tablet) ကြိုက်နှစ်သက်သူများအတွက်ကတော့ ဒီ“အဆပ် ထရန်စဖောမာ ပက် တီးအက်ဖ်-၃၀၀” ကို ရွေးချယ် ၀ယ်ယူ သုံးစွဲသင့်ပါတယ်။ တကယ်လို့များ “ဟေး… ငါကတော့ ပေါ့ပေါ့ပါးပါး သင်ပုန်းကို ကောင်းကောင်း ၀ယ်သုံးနိုင်ပြီ” လို့ သင်ကိုယ့်သင် ဘ၀င်မြင့်ချင်တဲ့ စိတ် မရှိဘူးရှိရင်ပေါ့။ ဒီသင်ပုန်းဟာ အနည်းငယ် ထူတယ်၊ လေးတယ် ဆိုပေမယ့် အခြားသင်ပုန်းတွေ သုံးလို့ရသလောက်ကို နောက်ကောက်မကျဘဲ တန်းမီ သုံးစွဲနိုင်တဲ့ သဘောရှိပါတယ်။

ဒီသင်ပုန်းကို ၀ယ်သုံးရင် မစွမ်းတဲ့ အချို့စွမ်းဆောင်ရည်ကိုလည်း သင် နားလည်ခွင့်လွှတ်ပေးရမယ်။ ဥပမာ- ဂျီပီအက်စ်စနစ်၊ ၀ိုင်ဖိုင်စနစ်တွေ မျှော်မှန်းထားသလောက် အရာမရောက်ပဲ လေးလံနှေးကွေးနေတာကိုပေါ့။

၁၆-ဂျီဘီကို အမေရိကန်ဒေါ်လာ ၃၈၀ နဲ့ ရောင်းချတဲ့ ဒီ “ပက် တီးအက်ဖ်-၃၀၀” သင်ပုန်းကို ဈေးချိုတယ်လို့ ပြောလို့ ရ/ မရ ထပ်ပြီး တွက်ချက်သင့်တယ်။ အိုင်ပက်တူး ၁၆-ဂျီဘီတောင် (အခုလျှော့ဈေးနဲ့) အမေရိကန်ဒေါ်လာ ၃၉၉ ပဲ ရောင်းချတော့တာကို နှိုင်းကြည့်ရင် ဈေးချိုတယ်လို့ ပြောလို့ မရပြန်ဘူးနော်။ ဒေါ်လာ ၁၅၀ တန်ဖိုးရှိတဲ့ ဒီသင်ပုန်းရဲ့ ကီးဘုတ် (သို့မဟုတ်) အထိုင်အိမ်ကိုပါ ထည့်တွက်ရင် ဒေါ်လာ ၅၂၀ မြင့်တက်သွားမယ်။ ဒါက ၁၆ ဂျီဘီအတွက်ပဲ ရှိသေးတယ်။

တစ်ဖန် ထပ်မံစိစစ်ရမှာကတော့ ဒီဇိုင်းပုံစံပေါ့။ ပရိုင်း-သင်ပုန်းမှာတုန်းက သုံးခဲ့တဲ့ အလူမီနီယံ ဘောင်နေရာမှာ ပိုပြီးပေါ့ပါးအောင် ဆိုပြီး ဒီပက်တီအက်ဖ်မှာ ပလပ်စတစ်-သိုင်းကြိုးနဲ့ အစားထိုး ရစ်ပတ်ထားတယ်။ ဒါပေမယ့် သိုင်းကြိုးက အနည်းငယ်ကြီးနေသဖြင့် ပိုပြီး ထပ်လေး နေမလားလို့ပါ။ ဒါပေမယ့် ဒါတွေက မပြောပလောက်တဲ့ အပြင်ပန်း အခြေခံသက်သက်ပါ။

ဒီ“အဆပ် ထရန်စဖောမာ ပက် တီးအက်ဖ်-၃၀၀” ရဲ့အရွယ်အစား၊ အထူအပါးကို သူ့ရဲ့အစ်ကိုဖြစ်တဲ့ ထရန်စဖောမာပရိုင်းနဲ့ပဲ ဖြစ်ဖြစ်၊ စံနမူနာ ထားစရာဖြစ်တဲ့ အိုင်ပက်တူးနဲ့ပဲ ဖြစ်ဖြစ် နှိုင်းယှဉ်ကြည့်ရင် အောက်ပါအတိုင်း တွေ့မြင်ရမှာပါ-
 
အဆပ်ထရန်စမောမာ ပက်တီအက်ဖ်-၃၀၀ နဲ့အခြားသင်ပုန်း နှိုင်းယှဉ်ပြပုံ




အဆပ်ရဲ့ ပက်တီအက်ဖ်-၃၀၀ နဲ့ အခြားသင်ပုန်း နှိုင်းယှဉ်ပြဇယား


သင်ပုန်းအမျိုးအစား အဆပ်ရဲ့ တီအက်ဖ်-၃၀၀ အဆပ်ရဲ့ ပရိုင်း ဆမ်ဆောင်းရဲ့ ဂလက်ဇီတပ်ခ်ျ အပ်ပယ်လ်ရဲ့ နယူးအိုင်ပက်
အလေးချိန် (ပေါင်) ၁.၄ ၁.၃၂ ၁.၂၄ ၁.၃၄
အလျား (လက်မ) ၁၀.၄ ၁၀.၄ ၁၀.၁ ၉.၅
အနံ (လက်မ) ၇.၁ ၇.၁ ၉.၆ ၇.၃
ဇောက်/အထူ(လက်မ) ၀.၃၈ ၀.၃၂ ၀.၃၄ ၀.၃၄
မျက်နှာပြင် အသားကျန် ၀.၈ ၀.၈ ၀.၈ ၀.၈

ကျန်တဲ့ စက်ပိုင်းဆိုင်ရာ ဆော့ပ်ဝဲလ် အချက်အလက်၊ ဟာဒ်ဝဲလ် အချက်အလက်၊ စက်လည်မှုစနစ်တို့ကို အပိုင်း (၂) မှာ တင်ပြခဲ့ပြီးဖြစ်တဲ့ “အဆပ် အီးပက် ထရန်စဖောမာ ပရိုင်း” အကြောင်းအရာနဲ့ ထပ်တူနီးပါးပါပဲ။ သို့ဖြင့် ဋီကာချဲ့ကာ စာမဖွဲ့လိုတော့ပါ။ သို့တိုင် ဒီသင်ပုန်းကိုမှ စိတ်ဝင်စားပြီး ရွေးချယ်သမှု ပြုလုပ်လိုပါက အပိုင်း (၂) ကိုပဲ လည်ပြန်ငဲ့ပြီး ဖတ်လှည့်ပါလို့ လက်တို့ပါရစေ..။
အပိုင်း (၄) ကို ဆက်ရန်

0 comments:

Post a Comment