Pages

Ads 468x60px

Labels

May 22, 2012

အကောင်းဆုံး သင်ပုန်း (Tablet) ၅-ချပ် (အပိုင်း ၅)


ဒီကနေ့ နောက်ဆုံးအနေနဲ့ တင်ပြမှာကတော့ အကောင်းဆုံး သင်ပုန်း (Talbet) ၅-ချပ်ထဲက နောက်ဆုံးဖြစ်တဲ့ ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ (Samsung Galaxy Tap 10.1) ကိုပါ။ ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျကတော့ ကြော့မော့တယ်။ ပေါ့ပါးတယ်။ အိုင်ပက်ကို ကောင်းကောင်း ယှဉ်နိုင်တယ် ဆိုပဲ။ 

ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ (Samsung Galaxy Tap 10.1)
အဆင့်= ကြယ် ၄-ပွင့်

ဈေးနှုန်း= အမေရိကန်ဒေါ်လာ ၄၃၁ နဲ့ ၄၉၉

အားသာချက်
“ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ (Samsung Galaxy Tap 10.1)” ဟာ အိုင်ပက်-တူး လောက်ကို ပါးလွှာပြီး၊ အိုင်ပက်-တူးထက်တောင် ပေါ့ပါးတယ်။ ဟွန်းနီကုမ် (ပျားသလက် ကွန်ရက်) သုံး သင်ပုန်းထဲမှာ စွဲမက်ဖွယ်ရာ ပြည့်နှက်နေတဲ့ သင်ပုန်းလေး တစ်ချပ်ပေါ့။ ရှေ့မျက်နှာပြင်မှာ တပ်ထားတဲ့ ၃-မီဂါပစ်ဇယ် ကင်မရာနဲ့ နောက်ကျောမှာ ထည့်သွင်းထားတဲ့ ၂-မီဂါပစ်ဇယ် ကင်မရာရယ်၊ ဘယ်ညာနှစ်ခြမ်းစလုံး ဖြာထွက်နိုင်တဲ့ အသံစနစ်ရယ်ကြောင့် အကောင်းဆုံး သင်ပုန်းစာရင်းထဲမှာ ထည့်သွင်းရခြင်း အကြောင်းရင်းတွေပါ။

အားနည်းချက်
လူအကြိုက် နတ်မလိုက်နိုင်လို့ပဲ ဆိုဆို၊ သုံးစွဲသူအကြိုက် သင်ပုန်းမလိုက်နိုင်လို့ပဲ ပြောပြော၊ သေချာတာကတော့ ထွက်လာသမျှ သင်ပုန်းတွေကို ကြယ်-၅ ပွင့် အဆင့် မသတ်မှတ်နိုင်တာကို ကြည့်ရင် ဘယ်သင်ပုန်းကမှ ခြောက်ပြစ်ကင်း သဲလဲမစင်နိုင်ဘူးပေါ့။ ဒီတော့ကာ- “ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ (Samsung Galaxy Tap 10.1)” မှာလည်း အားနည်းတဲ့အပိုင်း ရှိပါတယ်။ အပြင်သုံးကိရိယာ တစ်ခုခုနဲ့ ချိတ်ဆက်ဖို့ ကြိုးပေါက် မဲ့နေတာဟာ သုံးစွဲသူအတွက် အဓိကပြဿနာပါ။ နောက်ပြီး အနားသတ် ကွပ်ထားတဲ့ ပလပ်စတစ်က အိုင်ပက်လောက်ကို ခိုင်ခန့်မှု မရှိဘူး။ ဒါတွေဟာ အသုံးကြမ်းတဲ့သူအတွက် စဉ်းစားစရာ ဖြစ်နေတယ်။

ကောက်ချက်
ဘာပဲပြောပြော စွဲမက်စရာ အသွင်အပြင်စရိုက်ကတော့ အမိုက်စားပါ။ အိုင်အိုအက်စ် (iOS) ဆိုတဲ့ မက်စ် (Mac) ရဲ့ စက်လည်ပတ်မှုစနစ်နဲ့ မရင်းနှီးသူတွေအတွက်တော့ ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ (Samsung Galaxy Tap 10.1) ကို အားကိုးလောက်စရာ သင်ပုန်းပါ။ အကောင်းဆုံး သင်ပုန်းတွေထဲက အကောင်းဆုံးတစ်ခုကို ရွေးချယ်ပြီး ၀ယ်ယူမယ်ဆိုရင် အ၀ယ်မမှားတဲ့ သင်ပုန်း ဖြစ်လို့နေမှာပါ။

သုံးသပ်ချက်
ဒီဇိုင်းရဲ့ ရှုထောင့်ကနေ ဝေဖန်ရမယ်ဆိုရင် အန်ဒရိုက်စနစ် အသုံးပြုတဲ့ ဘယ်သင်ပုန်းကမှ အိုင်ပက်ကို မမီသေးတာ သေချာပါတယ်။ အိုင်ပက်ဟာ ချောမွေ့ပြောင်လက်နေတယ်။ စွဲမက်ဖွယ် အပြင်အဆင် ရှိတယ်။ ပါးလွှားတယ်။ ပေါ့တယ်။ ပုံသဏ္ဌာန်က ရိုးစင်းတယ်။ ဟွန်းနီကုမ် သင်ပုန်းတွေ ဒီဇိုင်းမျိုးစုံ ပုံစံအစုံနဲ့ ထွက်ခဲ့ပေမယ့် အိုင်ပက်ကို လိုက်မမီသေးဘဲ ရှိတုန်းပါ။ အဲ.. အခုထွက်ရှိလာတဲ့ ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ (Samsung Galaxy Tap 10.1) ကတော့ အိုင်ပက်ကို ယှဉ်နိုင်ရုံသာမက အိုင်ပက်ထက်တောင် ပါးလွှာနေလေရဲ့။

ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ (Samsung Galaxy Tap 10.1) ရဲ့ ဒီဇိုင်းဟန်ပန်ကို အမွှမ်းတင် ပြောရရင် တော့တော့ကို ပါးလွှာပါတယ်။ အိုင်ပက်နဲ့ လှဲပြီး ယှဉ်ကြည့်လိုက်ရင် သေချာပေါက် ပြောနိုင်တာကတော့ ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ ဟာ ပါးတယ် ဆိုပဲ။ အိုင်ပက်ရဲ့ အလေးချိန်က ၁.၃၂ ရှိနေတဲ့အချိန်မှာ သူ့ရဲ့အလေးချိန်က ၁.၂၄ ပေါင်ထဲ ရှိတာကိုး။
 

အောက်ပါအချက်အလက်များကို ကြည့်ပြီး ဘယ်သင်ပုန်းက ပါးလွှာတယ်၊ ပေါ့တယ်ဆိုတာ ဆုံးဖြတ်နိုင်မှာပါ-


Tablets Asus Eee Pad Transformer Acer Iconia Tab A500 Motorola Xoom Apple iPad 2 T-Mobile G-Slate Samsung Galaxy Tab 10.1
Weight in pounds 1.52 1.66 1.62 1.34 1.38 1.24
Width in inches (landscape) 10.7 10.2 9.8 9.5 9.6 10.1
Height in inches 6.9 6.9 6.6 7.3 5.8 6.9
Depth in inches 0.51 0.51 0.5 0.34 0.49 0.34

အိုင်ပက်ရဲ့ အချောအလှမွေး ကျောင်းတော်က လွဲရင် ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ ရဲ့ အချောအလှက အရိုးစင်းဆုံး စာရင်းထဲ ၀င်မှာပါ။ ရှေ့မျက်နှာပြင် ၁၀.၁ လက်မ အတိုင်းအထွာရှိတဲ့ စကရင်းဟာ ၀.၈ လက်မ ဘေးပတ်ကြိုးအမည်းလေးနဲ့ ပြန်ကွပ်ထားတော့ ကြည့်ရတာ တအားကို မျက်စိပသာဒ ဖြစ်ရပါတယ်။ ပြီးတော့ ဒေါင့်ချိုးလေး တလျှောက်မှာ ငွေရောင်လေး အလူမီနီယံနဲ့ ထပ်ကွပ်ထားပြန်တော့ ရွှေပေါ်မြတင် မဟုတ်တာတောင်မှ မြပေါ်ငွေသန်း ဆမ်းထားသလိုပဲပေါ့။ စကရင်းနဲ့ ဒေါင့်ချိုးကြား လွတ်နေတဲ့ မျက်နှာပြင်ထိပ်ပိုင်း အလယ်တည့်တည့်မှာ ၂-မီဂါပစ်ဇယ် ကင်မရာကို မြှပ်ထားပြန်တော့ အနုပေါ် အရွဆင်သည့်နှယ် ၀င့်ထည်နေလေရဲ့။

ညာမှဘယ်သို့ ထိပ်ဆုံး ဒေါင့်ချိုးတစ်လျှောက်မှာ ပါဝါအဖွင့်/ အပိတ် ခလုတ်၊ အသံ အလျှော့/ အတင်း ခလုတ်၊ နားကြပ်ပေါက်များ တန်းစီ ထည့်ထားတယ်။ စပီကာရဲ့ အသံထွက်ပေါက်ကို ဘယ်နဲ့ညာ ဒေါင့်ချိုးလေးမှာ ထည့်ပေးထားပြီး၊ ယူနီဗာဆယ် ကွန်နက်ရှင်း အပေါက်ကိုတော့ အောက်ဘက် ဒေါင့်ချိုးမှာ တပ်ဆင်ထားတယ်။ ဒီအပေါက်ရဲ့ ဘေးနားလေးမှာ မိုက်ကရိုဖုန်း (မိုက်) ပေါက်ကို ဖောက်ပေးထားတယ်။

ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ ဟာ USB အပေါက်ရော၊ HDMI အပေါက်ပါ ထည့်မထားဘူး။ ဒါတင်လား၊ မဟုတ်ဘူး၊ မိုဘိုင်းဖုန်း စင်းကဒ် ထည့်မယ့်အပေါက်ရယ်၊ SD Card လို့ခေါ်တဲ့ မမ်မိုရီကဒ်တွေကို ဖတ်ဖို့ အပေါက်ရယ်ကိုပါ ဘယ်မှာမှ ရှာမတွေ့ပါ။ နောက်ထပ် ထုတ်လုပ်မယ့် ဆမ်ဆောင်း သင်ပုန်းတွေ ဒီအပေါက်တွေ ရှိတန်ကောင်းပါရဲ့လို့ပဲ မျှော်လင့်ရမှာပါ။

ကျောဘက်မှာ ၃-မီဂါပစ်ဇယ် ကင်မရာ မြှပ်ပေးထားတဲ့ ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ ဟာ သူ့ရဲ့ နောက်ကျော တစ်ပြင်လုံးကို အဖြူရောင် ပြောင်ပဲ သုံးထားတယ်။ ဒေါင့်ချိုးပတ်ပတ်လည်မှာ သုံးထားတဲ့ ပလပ်စတစ်ပတ်ကြိုးကိုတော့ ဒီဆမ်ဆောင်းဂလက်ဇီ တပ်ခ်ျ ၁၀.၁ မှာ ပြောစမှတ် အဖြစ်ဆုံးပဲ။ လက်ချောင်းတွေနဲ့ ကိုယ်တွယ်ရတာ ဘယ်လိုမှ အဆင်မပြေပါ။ မညက်ညောသလို ခံစားရတယ်။ အိုင်ပက်လို ကြံ့ခိုင်မှု မရှိသလိုပဲ။


ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ ဟာ ဂူးဂဲလ်ရဲ့ အတွေ့အကြုံနဲ့ ထုတ်လုပ်ထားတဲ့ သင်ပုန်းပါ။ ဆိုလိုတာက ဟွန်းနီကုမ် ၃.၁ စက်လည်ပတ်မှုစနစ်ကိုပဲ အသုံးပြုထားလို့ ဒီစနစ်ထက် သာအောင် ဆမ်ဆောင်း သင်ပုန်းက မစွမ်းဆောင်နိုင်တာပါ။ ဒါပေမယ့် ဆမ်ဆောင်းရဲ့ ကိုယ်ပိုင် အပ်ပ် (Apps) တွေကိုတော့ တီထွင်ထားလေရဲ့။ သူ့ရဲ့စတိုးကနေ ကြိုက်သလောက် ဒေါင်းလုတ်ယူလို့ရပါတယ်။ (ဟွန်းနီကုမ် ၃.၁ ကို အခါအခွင့် သင့်ပါက ထပ်မံ ရှင်းပြပါဦးမယ်။)

ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ ရဲ့ စကရင်း ရီဆိုလူရှင်းဟာ ၁၂၈၀ နဲ့ ၈၀၀ ပစ်ဇယ်လ် အထိ ရနိုင်ပါတယ်။ ဒါကြောင့်လည်း ရုပ်ပုံ ကြည်လင်ပြတ်သားမှုကတော့ အပျံစား ဖြစ်တယ်။ ပြီးတော့ ရုပ်ပုံတွေ ကြွရွှနေတယ်။ အင်တာနက်မှာ ရှာဖွေမွှေနှောက် ဖွင့်ကြည့်တဲ့အခါကျရင် မြင်ကွင်းကျယ်ကို သုံးပါ။ ဒါဆိုရင် ရုပ်ပုံတွေက အံ့သြဖွယ် ကောင်းလောက်အောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ အဲ တစ်ခုတော့ ရှိတာပေါ့၊ ဆိုင်ရာဆိုင်ရာ အပ်ပ် (Apps) တွေကို ဆမ်ဆောင်းရဲ့ အပ်ပ်စတိုးမှာ သွားပြီး ဒေါင်းလုတ်ထားဖို့ကိုတော့ မမေ့နဲ့ပေါ့။

အကိုးအကား-
- http://reviews.cnet.com/best-tablets/
- ဖုန်း၊ သင်ပုန်းဆိုင်ရာ အသုံးအနှုန်းများ

0 comments:

Post a Comment