Pages

Ads 468x60px

Labels

Feb 26, 2012

စောမိုင်ယကောလိပ်တွင် လက်ချာ ပို့ချ


ပို့ချတဲ့ အကြောင်းအရာကတော့ မဟာယာန ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ ဘာသာရပ် ဖြစ်ပေမယ့် သံဃာ့ဂိုဏ်းကွဲများ သမိုင်းကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ မဟာသံဃိကဂိုဏ်းနဲ့ ၄င်းတို့ရဲ့ အတွေးအခေါ် အယူအဆများကို အထူးအလေးပေး ပို့ချခဲ့ပါတယ်။

ဒီကနေ့ (25/02/2012) မနက်ပိုင်းမှာ K.J. Somaiya College ပရိဝုဏ်ရှိ Somaiya Centre for Buddhist Studies ဌာနတွင် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် ပို့ချချက် (လက်ချာ) တစ်ခုကို ပို့ချခဲ့ပါတယ်။ ပို့ချချက်ကို မနက်ပိုင်း ၁၁း၃၀ နာရီတွင် စတင်ပြီး မွန်းလွဲ ၁-နာရီတွင် အဆုံးသတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ International Buddhist College မှ ကထိကတစ်ဦး ဖြစ်တဲ့ Charles Willemen က ပို့ချခဲ့ခြင်းပါ။

ပို့ချချက်ကို Management and Research Centre (SIMR) အဆောက်အအုံရဲ့ တတိယထပ်၊ အခန်း ၃၀၁ Lecture Hall တွင် ကျင်းပခဲ့ပြီး၊ မွန်ဘိုင်းတက္ကသိုလ်မှ PhD ကျောင်းသားများဖြစ်တဲ့ မြန်မာသံဃာတော် ၉-ပါး၊ Somaiya Centre for Buddhist Studies မှ ဒါရိုက်တာ၊ လက်ထောက်ဒါရိုက်တာများ၊ ကျောင်းသား ကျောင်းသူများ၊ အငြိမ်းစား ဆရာ ဆရာမများ စုစုပေါင်း အယောက် ၃၀ ခန့် တက်ရောက် နားထောင်ခဲ့ကြပါတယ်။

ပို့ချတဲ့ အကြောင်းအရာကတော့ မဟာယာန ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ ဘာသာရပ် ဖြစ်ပေမယ့် သံဃာ့ဂိုဏ်းကွဲများ သမိုင်းကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ မဟာသံဃိကဂိုဏ်းနဲ့ ၄င်းတို့ရဲ့ အတွေးအခေါ် အယူအဆများကို အထူးအလေးပေး ပို့ချခဲ့ပါတယ်။ ပို့ချချက်ကား မိနစ် ၅၀-မျှသာ ကြာပေမယ့် တက်ရောက်သူများမှ မေးသည့် မေးမြန်းချက် အသီးသီးကို ပြန်လည်ဖြေကြားရာမှာ နာရီဝက်ကျော် ကြာခဲ့ပါသည်။

ထိုင်းနိုင်ငံ နိုင်ငံတကာဗုဒ္ဓကောလိပ်မှာ ကထိကအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ယင်းဆရာ (ချာလ်လက် ၀ီလီမင်းန်) က လာမယ့် ဖေဖော်ဝါရီလ ၂၉-ရက်နေ့ မနက်ပိုင်း ၉း၃၀ နာရီမှာ သူရဲ့ ပထဦးဆုံး ရေးသားထုတ်ဝေခဲ့တဲ့ “Outlining the Way to Reflect” ကျမ်းစာကို ပြန်လည် မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်လို့ သိရှိရပါတယ်။

0 comments:

Post a Comment