Pages

Feb 15, 2012

မရေရာသေးတဲ့ ပက်-၀င်ခွင့်

"ကျွန်တော်တို့ သီးမခံနိုင်တော့ဘူး၊ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ သောကဗျာပါရအတွက် တက္ကသိုလ်က တာဝန်ရှိသူတွေ ပြန်ပေးဆပ်သင့်တယ်လို့" ဥပဒေဘွဲ့လွန် ကျောင်းသာတစ်ယောက်က ရင်ဖွင့်ပြတယ်

ကမ္ဘာတစ်ခွင်လုံးရှိ ကျောင်းသူ/သားများ ပီအိပ်ခ်ျဒီ သို့မဟုတ် ဒေါက်တာ ၀င်ခွင့်အတွက် သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးမှာ မှတ်ပုံတင်ခြင်း လုပ်ငန်းနဲ့ လုံးပန်းနေကြသည့် အချိန်အခါမှာ မွန်ဘိုင်မြို့ရှိ ပီအိပ်ခ်ျဒီ ၀င်ခွင့်ရရေး ကြိုးပမ်းနေကြတဲ့ ကျောင်းသူ/သားတွေကိုတော့ မွန်ဘိုင်တက္ကသိုလ်က လျစ်လျုရှုထားဆဲပါ။ ပြီးခဲ့တဲ့ ၂၀၁၁ သြဂုတ်လ အလှည့်တုန်းကလည်း ပီအိပ်ခ်ျဒီ ၀င်ခွင့်စာမေးပွဲကို တစ်ခါ ကျော်ခဲ့ပြီးပြီ။ အခု (မဖြစ်မနေ) ကျင်းပရတော့မယ့် ဖေဖော်ဝါရီလ အလှည့်ကိုလည်း မကျင်းပသေးပဲ မရေရာအောင် ဖန်တီးထားဆဲပါ။

၂၀၁၁ ဇွန်လကတည်းက ဘွဲ့လွန် ပြီးစီးခဲ့တဲ့ ကျောင်းသူ/သားများဆိုလျှင် အခုထက်ထိ စောင့်စားနေကြရတဲ့အချိန် တစ်နှစ်နီးပါး ရှိလုနေပါပြီ။
“ပက် (ပီအိပ်ချီ စာမေးပွဲဝင်ခွင့်) ကျင်းပမယ်လို့ အခုထက်ထိ တက္ကသိုလ်ကနေ ကြေငြာတာမျိုး ကျွန်တော်တို့ မကြားရသေးပါဘူး” လို့ စိုးရိမ်နေတဲ့ ကျောင်းသားတစ်ယောက်က ဒီအင်အေ-သတင်းကို အခုလို ဖွင့်ပြောပါတယ်။
“ကျွန်တော်တို့ သီးမခံနိုင်တော့ဘူး၊ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ သောကဗျာပါရ အတွက် တက္ကသိုလ်က တာဝန်ရှိသူတွေ ပြန်ပေးဆပ်သင့်တယ်” လို့ တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေသူတွေကို မကျေမချမ်း ဖြစ်နေတဲ့ ဥပဒေဘွဲ့လွန် ကျောင်းသာတစ်ယောက်က ရင်ဖွင့်ပြတယ်။

ပြဌာန်းချက် တစ်ခုခုကို အကောင်အထည် ဖော်ရာမှာ နှေးကွေးခြင်း၊ တက္ကသိုလ်ဂရင်းကော်မရှင် (UGC) ရဲ့ “ဘွဲ့လွန်ရပြီးသူတိုင်း ပီအိပ်ခ်ျဒီအတွက် ၀င်ခွင့်စာမေးပွဲ ဖြေရမယ့် ဥပဒေ” ထားရှိခြင်းကို ဝေဖန်နေကြခြင်း ကြားကပင် မွန်ဘိုင်တက္ကသိုလ်က သူ့နည်းသူ့ဟန်နဲ့ ပြီးခဲ့တဲ့ ၂၀၁၁ ဖေဖော်ဝါရီလမှာ ပီအိပ်ခ်ျဒီ ၀င်ခွင့်စာမေးပွဲ (PET) ကို ကျင်းပခဲ့တယ်။

မူလ ပြဌာန်းချက်အတိုင်းဆိုရင် တစ်နှစ်ကို ပီအိပ်ခ်ျဒီ ၀င်ခွင့်စာမေးပွဲ ၂-ခါ ကျင်းပပေးရမှာပါ၊ ဇန်န၀ါရီနှင့်ဖေဖော်ဝါရီလကြားတွင် ၁-ခါနှင့် သြဂုတ်နှင့်စက်တင်ဘာလကြားတွင် ၁-ခါပါ။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂၇-ရက်နေ့မှာ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့သော်လည်း သြဂုတ်လမှာတော့ မကျင်းပခဲ့ပြန်ဘူး။ ၀င်ခွင့်စာမေးပွဲ ဖျက်သိမ်းကြောင်း တရားဝင် ကြေညာခြင်းလည်း မရှိ၊ အကြောင်းပြချက် တစ်စုံတစ်ရာကို ထုတ်ပြန်ခြင်းလည်း မရှိဘဲနဲ့ ၀င်ခွင့်စာမေးပွဲအကြောင်းကို တစ်ခွန်းတစ်ပဒမှ မဟဘဲ ရေငုံနှုတ်ပိတ်နေခဲ့ကြတယ်။

တက္ကသိုလ်ကနေ ရရှိတဲ့ သတင်းအရ- ဒီတစ်ခါ (ဖေဖော်ဝါရီ) လည်း ပီအိပ်ခ်ျဒီ ၀င်ခွင့်စာမေးပွဲကို ကျင်းပပေးဖို့ အသင့်အနေအထားမှာ ရှိမနေပြန်ဘူးတဲ့။ စာမေးပွဲဌာန လို့ခေါ်တဲ့ တက္ကသိုလ်အောက်ရှိ စာမေးပွဲရေးရာကို ကိုင်တွယ်တဲ့ ဦးစီးဌာနကနေ ကောလိပ် အင်းစတီးကျုစ် အသီးအသီးမှာ ရှိနေကြတဲ့ ဘာသာရပ်ပေါင်းစုံက ပီအိပ်ခ်ျဒီ ထိုင်ခုံ နေရာလွတ်တွေကို စုစည်းနေတုန်း ရှိတယ်လို့ ဆိုပါတယ်။ ထပ်ချဲ့ရရင် စာမေးပွဲ ထိန်းသိမ်းရေးဌာနက မာစတာ ၀ိလာသ်ရှိနဒေ (အငြိမ်းစား) ကို ရာထူးကနေ ဆိုင်းငံ့ထားခြင်းကလည်း ကြန့်ကြာခြင်းရဲ့ အရောင်းရင်း ဖြစ်နိုင်တယ်။

“မကြာခင် ၀င်ခွင့်စာမေးပွဲ ကျင်းပပေးမှာပါ” လို့ မိန့်ဆိုခဲ့တဲ့ မွန်ဘိုင်တက္ကသိုလ်ရဲ့ ဒုတိယ-ချန်ဆယ်လာ မာစတာ ရာဂျာန်ဝေလုကာရ် စကားနဲ့ပဲ အဆုံးသတ်လိုက်ပါရစေ။ ဒါပေမယ့် တစ်ခုတော့ အသိ ရှိထားပါ၊ ၀င်ခွင့်စာမေးပွဲ ကျင်းပပေးမယ့် ရက်အတိအကျကို ပြောဖို့ကိုတော့ သူ ငြင်းသွားလေရဲ့။

မှတ်ချက်-

DNA သတင်းစာပါ ကန်ချန်ရှရီဝဿတ၀ရဲ့ “University of Mumbai does it again, to skip February PhD entrance too” သတင်းကို ဆီလျှော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

မူရင်း-

http://www.dnaindia.com/academy/report_university-of-mumbai-does-it-again-to-skip-february-phd-entrance-too_1648042

No comments:

Post a Comment