Pages

Ads 468x60px

Labels

Apr 17, 2012

အိန္ဒိယအတွက် iPad3


လာမယ့် ဧပြီလ ၂၇-နေ့ကျရင် အိန္ဒိယနိုင်ငံမှာ The New iPad လို့ခေါ်တဲ့ iPad3 ကို တရားဝင် စတင် ရောင်းချတော့မယ်လို့ Apple ကုမ္ပဏီကနေ ကြေငြာလိုက်ပါပြီ။ အိန္ဒိယတစ်နိုင်ငံလုံးရှိ ဘယ် Apple Retailer (လက်လီအရောင်းဆိုင်) မဆို ၀ယ်ယူနိုင်တော့မယ်လို့ ကြေငြာထားတယ်။ အိန္ဒိနိုင်ငံအတွက် iPad3 တစ်ခုကို ရူပီး ၃၀၅၀၀ (USD 590 နဲ့ညီမျှမယ့်) ဈေးနှုန်းနဲ့ စတင်ပြီး ရောင်းချမယ်လို့ သိရှိရပါတယ်။ ဆိုလိုတာက ၁၆-ဂျီဘီ ၀ိုင်ဖိုင်ကို ရူပီး ၃၀၅၀၀ နဲ့ စတင်ရောင်းချမှာပါ။ ကုမ္ပဏီရဲ့ မူလဈေးနှုန်းကတော့ ရူပီး ၂၅၇၅၇ (USD 499) သာ ကျသင့်ပေမယ့် အခွန်အကောက်ကြောင့် ထင်ပါ့၊ အိန္ဒိယဘက်က ဈေးမြင့်တက်သွားတယ်။

အိန္ဒိယနိုင်ငံအတွက် ရောင်းချမယ့် အသုတ်ကတော့ တတိယအသုတ် ဖြစ်နေပါပြီ။ ဒီအသုတ်ထဲမှာ အိန္ဒိယ တစ်နိုင်ငံတည်း ပါဝင်တာ မဟုတ်ပါဘူး။ ထိုင်း၊ ကမ္ဘောဒီယား၊ အစ္စရေး၊ အက်စတိုနီယား၊ လတ်ဗီယား၊ လစ်သူယေနီယား၊ မွန်တီနီဂရိုးနှင့် တောင်အဖရိကနိုင်ငံတို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဒီတတိယအသုတ်ထဲမှာ အရှေ့တောင်အာရှ နိုင်ငံငယ်လေးဖြစ်တဲ့ ကမ္ဘောဒီယားနိုင်ငံ ပါဝင်လာခြင်းနဲ့ ဈေးကွက်ကြီးတဲ့ အန္ဒိယနဲ့ထိုင်းတို့ကတော့ နောက်ကျကျန်ရစ်ခဲ့ခြင်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအတွက် မရောင်းချခင် လာမယ့် ဧပြီလ ၂၀-ရက်နေ့မှာ ဒုတိယသုတ်အဖြစ် Apple ကုမ္ပဏီက iPad3 ကို အရင် ရောင်းချဦးမှာပါ။ တစ်ပတ်အလွန်မှာမှ တတိယအသုတ်ကို ရောင်းချမှာပါ။ ဒုတိယအသုတ်ထဲ ပါဝင်မယ့် နိုင်ငံတွေကတော့ ၁၂-နိုင်ငံပါ။ အဲဒီနိုင်ငံတွေကတော့- တောင်ကိုရီးယား၊ မလေးရှား၊ ဘရူးနိုင်း၊ ခရိုအေရှား၊ ဆိုက်ပရပ်၊ ဒိုမီနီကန် ရီပတ်ပလစ်၊ အယ် ဆာဗေဒို၊ ကွာတီမာတာ၊ စိန့်မာတင်၊ ဥရုဂွေးနှင့် ဗင်နီဇွဲလာနိုင်ငံတို့ ဖြစ်ပါတယ်။

ပထမဦးဆုံးအသုတ်အဖြစ် မတ်ခ်ျလ ၁၆-ရက်နေ့ကတည်းက စက်မှုထွန်းကားတဲ့ နိုင်ငံတွေကို ရောင်းချခဲ့ပြီးပါပြီ။ အွန်းလိုင်း အ၀ယ်သမားကတော့ မတ်ခ်ျလ ၇-ရက်နေ့ကတည်းက အော်ဒါ မှာယူလို့ရနေပါပြီ။

The New iPad လို့ခေါ်တဲ့ iPad3 မှာ ပါဝင်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပြီးခဲ့တဲ့ “iPad 3 ထွက်မယ်” သတင်းမှာ ဖော်ပြခဲ့ပါပြီ။

အိန္ဒိယနိုင်ငံမှာ ရောင်းချမယ့် iPad 3 ရဲ့ ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
The New iPad (iPad3) in INDIA
Colour= White / Black
Wi-Fi
Rs. 30500 = USD. 589 (16GB)
Rs. 36500 = USD. 705 (32GB)
Rs. 42500 = USD. 820 (64GB)

Wi-Fi + 4G
Rs. 38900 = USD. 751 (16GB)
Rs. 44900 = USD. 867 (32GB)
Rs. 50900 = USD. 983 (64GB)

0 comments:

Post a Comment